ကျွန်တော်ရဲ့ အပျော်တမ်း Blog ကလေးပါ၊ ရိုးသားစွာဝန်ခံပါရစေ၊ "ကျွန်တော်ဟာ" ပညာရှင်မဟုတ်သလို..ဘားမှလဲမတက်ပါ။ အားလပ်တဲ့ အချိန်ကလေးမှာ ကျွန်တော်စိတ်ဝင်စားသော နည်းပညာ ဗဟုသုတ တွေကိုဖတ်ရှု့ လေ့လာရန်နှင့် နှစ်သက်သည် အရားများကို ကျွန်တော်ရဲ့Blog မှာ Post အဖြစ် တင်ပြီး လေ့လာ သင်ယူဖို့ ဖြစ်ပါတယ်။..ရည်ရွယ်ချက်က..html အစ Java အဆုံး...code တွေကို..နားလည်တက်မြောက်ခြင်လို့ပါ။ ကော့ပရံသားလေးဘလော့ဂါသို့ လာလည်ကြသူမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှလုံး ရွင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ....

a

a
Showing posts with label Pattern Lock မေ့ရင် ပြန်လုပ်နည်း. Show all posts
Showing posts with label Pattern Lock မေ့ရင် ပြန်လုပ်နည်း. Show all posts

Wednesday, May 14, 2014

Samsung Phone တွေမှာ Pattern Lock မေ့ရင် Pin Lock မေ့ရင် ပြန်လုပ်နည်း



Samsung ဖုန်းတွေမှာ Pin Lock ပဲဖြစ်ဖြစ် Pattern Lock ပဲဖြစ်ဖြစ် မေ့ခဲ့ရင်

တခါတလေ ကိုယ့်ဖုန်းကိုလာကိုင်တဲ့ တစ်ယောက်က ခဏခဏ မှားလုပ်မိရင်

Lock ကျသွားတာ ဖြစ်တတ်ပါတယ် ။ ဖုန်းတစ်လုံးနဲ့ တစ်လုံး လုပ်နည်းမတူ

 “wipe data/factory reset " လုပ်ရင်တော့ မြန်တယ် 5မိနစ်အတွင်း ပြန်ရ

ပြန်ပွင့်ပါတယ် ။ တခြားနည်းတွေနဲ့ လည်း လုပ်ရပေမယ့် ဒီနည်းကတော့

အလွယ်ဆုံး အမြန်ဆုံးပါ ။ Home key နဲ့ Power Key -Volume Down Key

ဖုန်းအမျိုးစားပေါ်မူတည်ကွဲပါတယ် ။ Recovery Mood ထဲရောက်လာရင်

လုပ်နည်းအတူတူပဲ ။ သူများ ဖုန်းစောစောက Pattern Lock ကျနေလို့ ပြန်ပီး

ဖွင့်ပေးတာ ။ မလုပ်တတ်သေးသူရှိရင် ဖုန်းမော်ဒယ်အလိုက် လုပ်နည်းရေးမှ

အဆင်ပြေမယ် အောက်ကနည်းကတော့ Galaxy Ace ကိုလုပ်ထားတာပါ

Pattern Lock သို့ မဟုတ် Pin Lock ကျနေရင် ပြုလုပ်နည်း

1- ပါဝါ ပိတ် ဘက်ထရီ ခဏဖြုတ်ပြီး ပြန်တပ်လိုက်ပါ

2- Power ခလုပ်နဲ့  Home Key ကို ခပ်ကြာကြာ တွဲဖိထားလိုက်ပါ

3-“wipe data/factory reset “ ရောက်အောင် Volume down နဲ့ ချပါ

4-ရောက်ရင် Home Key ကိုနှိပ်လိုက် ခဏစောင့်လိုက်ပါ

5-ပီးသွားရင် Volume up နဲ့  reboot now ကိုပြောင်း Home Key နှိပ်လိုက်

ဒါဆိုရင် Restart ပြန်တက်လာရင် Lock မရှိတော့ပဲ ပုံမှန်အတိုင်း ပြန်ပွင့်ပါပြီ

Email သုံးတယ် အင်တာနက်လိုင်းသုံးတယ်ဆို ပြန်လုပ်ရတာလွယ်တယ်

စမ်းကလိမယ်ဆို ဖုန်းနံပတ်တွေ မှတ်ထား SD Card ကိုတော့ မဖျက်ပါဘူး

မြန်မာစာတွေ ဆော့ဝဲတွေကတော့ ပြန်ထည့်ရမှာပါ တခြားနည်းလမ်းတွေ

ထပ်ရေးပေးပါ့မယ် . ခုတော့ တိုက်ဆိုင်သူ သုံးဖို့  သူများဖုန်းလုပ်ပေးနေရင်း

မျှဝေလိုက်ပါတယ် ။ ပညာရချင် ကိုယ့်ဖုန်းကို Lock ချပြီးစမ်းလိုက်ပါ :P