ကျွန်တော်ရဲ့ အပျော်တမ်း Blog ကလေးပါ၊ ရိုးသားစွာဝန်ခံပါရစေ၊ "ကျွန်တော်ဟာ" ပညာရှင်မဟုတ်သလို..ဘားမှလဲမတက်ပါ။ အားလပ်တဲ့ အချိန်ကလေးမှာ ကျွန်တော်စိတ်ဝင်စားသော နည်းပညာ ဗဟုသုတ တွေကိုဖတ်ရှု့ လေ့လာရန်နှင့် နှစ်သက်သည် အရားများကို ကျွန်တော်ရဲ့Blog မှာ Post အဖြစ် တင်ပြီး လေ့လာ သင်ယူဖို့ ဖြစ်ပါတယ်။..ရည်ရွယ်ချက်က..html အစ Java အဆုံး...code တွေကို..နားလည်တက်မြောက်ခြင်လို့ပါ။ ကော့ပရံသားလေးဘလော့ဂါသို့ လာလည်ကြသူမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှလုံး ရွင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ....

a

a

Saturday, January 17, 2015

မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း

မင်္ဂလာပါ ဒီနေ့ တင် ပေးလိုက်တဲ့ နည်းပညာလေးကတော့ Built In မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း လေးကို မျှဝေပေးလိုက်ပါတယ်။ Locale & Language Pro Donate.apk File လေးကို အသုံးပြုရမှာပါ။ ပြီးတော့ Android Version 4.2+ အထက် Device ဖြစ်ပြီ Root လုပ်ထားဖို့လည်း လိုပါတယ်။ အောက်မှာရယူနိုင်ပါတယ်။လုပ်နည်းကိုလည်း ပုံနဲ့တကွ ရှင်းပြထားပါတယ်။






အဆင့် ၁။ အပေါ်ကပေးထားတဲ့ Locale & Language Pro.apk File Download ဆွဲပြီ ဖုန်းထဲကို Install လုပ်ပြီ ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။




ပထမ ပုံအတိုင်း + ပုံလေးကို နှိပ်ပါ၊ ဒုတိယ ပုံအတိုင်း ထွက်လာပါက Language နှင့် Country နေရာမှာ Select ကိုနှိပ်ပြီးရွေးပေးလိုက်ပါ။ တိုက်ရိုက် ရေးထည့်ချင်ရင်တော့ Language – my | Country – MM လို့ ရေးထည့်ပေးလိုက်ရုံပါပဲ။ Select ကိုနှိပ်ပြီးရွေးရင်တော့ အောက်ပုံကို ကြည့်ပါ။







အပေါ်က ပုံအတိုင်းမြင်တော့ ရပြီဆိုရင် OK ခလုတ် ကို နှိပ်ပြီ Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကို Reboot လုပ်ပေးပါ…. ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…ပြီးပါပြီ.......

1 comment:

  1. download လင့်မပါဘူး အကိုရေ

    ReplyDelete

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်