ကျွန်တော်ရဲ့ အပျော်တမ်း Blog ကလေးပါ၊ ရိုးသားစွာဝန်ခံပါရစေ၊ "ကျွန်တော်ဟာ" ပညာရှင်မဟုတ်သလို..ဘားမှလဲမတက်ပါ။ အားလပ်တဲ့ အချိန်ကလေးမှာ ကျွန်တော်စိတ်ဝင်စားသော နည်းပညာ ဗဟုသုတ တွေကိုဖတ်ရှု့ လေ့လာရန်နှင့် နှစ်သက်သည် အရားများကို ကျွန်တော်ရဲ့Blog မှာ Post အဖြစ် တင်ပြီး လေ့လာ သင်ယူဖို့ ဖြစ်ပါတယ်။..ရည်ရွယ်ချက်က..html အစ Java အဆုံး...code တွေကို..နားလည်တက်မြောက်ခြင်လို့ပါ။ ကော့ပရံသားလေးဘလော့ဂါသို့ လာလည်ကြသူမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှလုံး ရွင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ....

a

a

Saturday, September 27, 2014

Flash a Custom ROM ( Rom အင်စတောလုပ်နည်း )

 Rom အင်စတောလုပ်နည်းမေးထားကြသူတွေအတွက်အောက်မှာအဆင့်ဆင့်ရှင်းပြထားပါတယ်။
1- အရင်ဦးဆုံးမိမိဖုန်းနဲ့သက်ဆိုင်ရာ Rom ကိုဒေါင်းပြီးရင်ရလာတဲ့  ROM’s .zip file ကို computer မှာ
save လုပ်ထားပါ။



2- Phone USB cable ကြိုးကိုကွန်ပြူ တာမှာချိတ်ဆက်ပြီး SD card ထဲထည့်လိုက်ပါ။

3- ROM’s .zip file ကို sd card ရဲ့လွတ်တဲ့နေရာမှာထားပါ။မည်သည့်ဖိုင်ထဲကိုမျှမထည့်ပါနဲ့။ပြီးတော့
extract လုပ်တာတို့ဘာတို့မလုပ်နဲ့။

4- Phone ကို computer ကနေဖြုတ်လိုက်ပါ။

5- ပြီးရင် ROM Manager ကိုဖွင့်လိုက်ပါ။(မိမိစက်ထဲမှာ ROM Manager Apk ကိုတော့ရှိထားရပါမယ်)
Reboot Recovery ဆိုတာကို click လိုက်ပါ။

6- Custom recovery image ထဲရောက်လို့ backup လုပ်တာပြီးစီးသွားရင် Wipe Data / Factory Reset
ဆိုတာကို  click ပါ။

7- Wipe ပြီးစီးသွားပြီဆိုရင် flash .zip from sd card ကိုနှိပ်ပြီး sd card ထဲကထည့်ထားတဲ့ ROM ကို
ခေါ်ပေးလိုက်ပါ။

8- အားလုံးပြီးစီးသွားပြီဆိုရင်တော့ reboot system now ဆိုတာကိုနှိပ်ပြီးရင်တော့ဖုန်းပြန်ပွင့်လာရင်
သူငယ်ချင်းတို့ရဲ့ Rom လဲခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီ။

မှတ်ချက်။
(Rom / Root /Firmware)စသည်တို့ပြုလုပ်ခြင်းသည် ၊ ပြုလုပ်သူရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပါသော
ကြောင့်တစ်စုံတစ်ခုအမှားအယွင်းဖြစ်ပေါ်လာပါက ပိုစ့်ရေးသားသူမှတာဝန်ယူမည်မဟုတ်ပါ။

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်