ကျွန်တော်ရဲ့ အပျော်တမ်း Blog ကလေးပါ၊ ရိုးသားစွာဝန်ခံပါရစေ၊ "ကျွန်တော်ဟာ" ပညာရှင်မဟုတ်သလို..ဘားမှလဲမတက်ပါ။ အားလပ်တဲ့ အချိန်ကလေးမှာ ကျွန်တော်စိတ်ဝင်စားသော နည်းပညာ ဗဟုသုတ တွေကိုဖတ်ရှု့ လေ့လာရန်နှင့် နှစ်သက်သည် အရားများကို ကျွန်တော်ရဲ့Blog မှာ Post အဖြစ် တင်ပြီး လေ့လာ သင်ယူဖို့ ဖြစ်ပါတယ်။..ရည်ရွယ်ချက်က..html အစ Java အဆုံး...code တွေကို..နားလည်တက်မြောက်ခြင်လို့ပါ။ ကော့ပရံသားလေးဘလော့ဂါသို့ လာလည်ကြသူမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှလုံး ရွင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ....

a

a

Friday, August 8, 2014

Bluetooth ထက်ဖိုင်တွေကိုကူးယူရတာမြန်တဲ့ Flash Transfer Apk




ဒါပေမယ် Andriod OS သုံးဖုန်း ၂လုံးချိတ်ဆက်သုံးရမယ် Apk နာမည်ကတော့
Flash Transfer ပဲဖြစ်ပါတယ် ဘယ်နေရာမှာသုံးလဲဆိုတော့ သီချင်း၊ဗီဒီယို၊ဓါတ်ပုံ၊ Software နဲ့ တခြား Files တွေကို  ဖုန်းတလုံးကနေ တခြားဖုန်းတလုံးကို အမြန်ဆုံး ပွားယူလို့ရပါတယ်။
Bluetooth လိုမျိုးဖိုင်တွေကိုကူးပြောင်းပေးပါတယ် ဒါပေမယ့် Bluetooth ထက်အဆများစွာမြန်ပါတယ်။ Zapya ထက်လည်းမြန်ပါတယ် ၊ဖုန်းတလုံးကနေတလုံးကိုချိတ်ဆက်လို့ ပြီးပြီဆိုရင် ဖုန်းကိုအနည်းငယ်လှုပ်ခါပေးလိုက်ရင်ဖိုင်တွေကို အမြန်ဆုံး ပေးပို့ပေးပါတယ် တအားမြန်ပါတယ်။
ကိုထူးလည်းဒီဆော့စ်ဝဲကိုပဲသုံးပါတယ်။

အသုံးပြုပုံ သုံးနည်းတော့အထွေအထူးမပြောတော့ဘူး အလွယ်လေးပဲပြောပြလိုက်မယ်နော်၊ ပထမအရင်မိမိဖုန်းထဲမှာ Flash Transfer ကို Install လုပ်ပါ ပြီးရင် တခြားကိုနဲ့တွဲမယ့်ဖုန်းထဲကိုလည်း Flash Transferကို Install လုပ်ပါ  ပြီးရင်ဖုန်း၂လုံးကိုပြိုင်တူ Flash Transfer ကိုဖွင့်ပါ ပြီးရင် phone interconnection ကိုနှိပ်ဖွင့်ပါ ဖုန်းပုံ1 နဲ့ 2 ပေါ်လာမယ် ကိုက 1 အပြာရောင် Create a Group ကိုနှိပ်ရင် တခြားကိုနဲ့တွဲမယ့်ဖုန်း 2 Join that Group အစိမ်းရောင်ကိုနှိပ်ပါ ဒါဆိုရင် ချိတ်ဆက်နေပါပြီ ခဏနေရင်  အစိမ်းရောင်ချိတ်ဆက်ထားတဲ့ဖုန်းမှာအပြာရောင်ချိတ်ဆက်ထားတဲ့ တခြားဖုန်းပုံပေါ်လာရင်လက်ခံလိုက်ပါ ဒါဆိုဖုန်းနှစ်လုံး ဝိုင်ဖိုင်လိုင်းပွင့်ပြီး မိမိကူးချင်တာတွေကို အကုန်အမှတ်ပေးပြီး ဖုန်းကိုလက်နဲအနည်းငယ်ဆွဲခါပေးလိုက် ဖိုင်တွေလျှင်မြန်စွာ ပေးပို့တာကိုမြင်ရပါမယ်
အောက်ကဖိုင်ကိုဒေါင်းယူပါ ......................ဒေါင်းပြီး Install လုပ်လိုက်ပါ

Flash Transfer Apk ကို ဒီမှာဒေါင်းပါ

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်