ကျွန်တော်ရဲ့ အပျော်တမ်း Blog ကလေးပါ၊ ရိုးသားစွာဝန်ခံပါရစေ၊ "ကျွန်တော်ဟာ" ပညာရှင်မဟုတ်သလို..ဘားမှလဲမတက်ပါ။ အားလပ်တဲ့ အချိန်ကလေးမှာ ကျွန်တော်စိတ်ဝင်စားသော နည်းပညာ ဗဟုသုတ တွေကိုဖတ်ရှု့ လေ့လာရန်နှင့် နှစ်သက်သည် အရားများကို ကျွန်တော်ရဲ့Blog မှာ Post အဖြစ် တင်ပြီး လေ့လာ သင်ယူဖို့ ဖြစ်ပါတယ်။..ရည်ရွယ်ချက်က..html အစ Java အဆုံး...code တွေကို..နားလည်တက်မြောက်ခြင်လို့ပါ။ ကော့ပရံသားလေးဘလော့ဂါသို့ လာလည်ကြသူမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှလုံး ရွင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ....

a

a

Saturday, June 28, 2014

iOS 7.1.1 ကို Untethered Jailbreak လုပ်နည်း [Step by Step Tutorial]



iOS 7.1.1 ကို Jailbreak ပြုလုပ်ချင်ကြတဲ့ iOS Users တွေအတွက် iOS 7.1.1 ကို Untethered Jailbreak လုပ်နည်းကို တင်ပြလိုက်ရပါတယ်။ iOS 7.1.1 Jailbreak လုပ်လို့ရမယ့် iDevices တွေ ကတော့...

Phone 4
iphone 4S
iphone 5
iphone 5C
iphone 5S (64-bit)
iPad Air (64-bit) တို့ပဲဖြစ်ပါတယ်။


အရင်ဆုံး လိုအပ်တဲ့ Tool ဖြစ်တဲ့ Pangu Untethered Jailbreak Tool ကို ရယူပါ။


Pangu Untethered Jailbreak Tool အားရယူရန်

Download ရယူပြီးပြီ ဆိုရင်တော့ Pangu ဆော့ဝဲကိုဖွင့်လိုက်ပါ။ ပြီးရင် Jailbreak လုပ်မယ့် iPhone/ Pad နဲ့ ကွန်ပျူတာကို ချိတ်ဆက်ပါ။ ပြီးရင် pangu ဆော့ဝဲက ခလုတ်အမဲလေး ကိုနှိပ်လိုက်ပါ။



ဖုန်းရဲ့ Setting ထဲကိုဝင်ပါ။



General ထဲကိုဝင်ပါ။ Date & Time ထဲကိုဝင်ပါ။



Date & Time ထဲရောက်ရင် 24 Hrs time ကို enabled လုပ်ထားပါ။ Set Automatically ကို Disable လုပ်ပါ။



ပြီးရင် Date ကို Jun 2 2014 သို့ပြောင်းလိုက်ပါ။ ပြီးတာနဲ့ Date & Time Setting ထဲကနေပြန်ထွက် ပါ။



ကွန်ပျူတာက Pango ဆော့ဝဲမှာ Jailbreak Process စတင်နေပါလိမ့်မယ်။



ခဏအကြာမှာဖုန်းရဲ့ Home Screen မှာလည်း Pangu icon လေး ပေါ်လာပါမယ်။ ယင်း icon လေး ကိုနှိပ်ပါ။



အောက်ပုံထဲက အတိုင်းပေါ်လာရင် Continue ကိုနှိပ်ပါ။



Pangu Screen ပေါ်လာပါမယ်။ ဖုန်းကို ဘာမှမလုပ်ဘဲ ဒီအတိုင်း ထားလိုက်ပါ။



ကွန်ပျူတာက Pangu ဆော့ဝဲမှာ သူ့ဘာသာသူ ဆက်အလုပ်လုပ်နေပါမယ်။



ခဏအကြာမှာ မိမိရဲ့ iDevice ဟာ Respring ကျသွားပါမယ်။



ပြီးရင် ပန်းသီး Logo ပြန်တက်လာပါမယ်။ ပြီးရင် Lock Screen ကိုပြန်ဖွင့်ပြီး Home Screen ကိုပဲပြန် သွားလိုက်ပါ။



ဖုန်းက နောက်တစ်ကြိမ် Respring ပြန်ကျသွားပါမယ်။



ကွန်ပျူတာက Pangu ဆော့ဝဲဟာလည်း Jailbreak Process ပြီးစီးပြီဖြစ်ပါတယ်။ ပိတ်မယ်ဆိုရင်ပိတ်လို့ ရပါပြီ။



ပြန်တက်လာပြီ ဆိုရင်တော့ ဖုန်းရဲ့ Home Screen မှာ Cydia icon လေးရောက်နေပါပြီ။




ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 7.1.1 တင်ထားတဲ့ iDevices လေးကို အောင်မြင်စွာ Jailbreak လုပ်ပြီးပြီဖြစ်ပါတယ်။

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်