ကျွန်တော်ရဲ့ အပျော်တမ်း Blog ကလေးပါ၊ ရိုးသားစွာဝန်ခံပါရစေ၊ "ကျွန်တော်ဟာ" ပညာရှင်မဟုတ်သလို..ဘားမှလဲမတက်ပါ။ အားလပ်တဲ့ အချိန်ကလေးမှာ ကျွန်တော်စိတ်ဝင်စားသော နည်းပညာ ဗဟုသုတ တွေကိုဖတ်ရှု့ လေ့လာရန်နှင့် နှစ်သက်သည် အရားများကို ကျွန်တော်ရဲ့Blog မှာ Post အဖြစ် တင်ပြီး လေ့လာ သင်ယူဖို့ ဖြစ်ပါတယ်။..ရည်ရွယ်ချက်က..html အစ Java အဆုံး...code တွေကို..နားလည်တက်မြောက်ခြင်လို့ပါ။ ကော့ပရံသားလေးဘလော့ဂါသို့ လာလည်ကြသူမိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှလုံး ရွင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ....

a

a

Monday, March 17, 2014

ဖုန်းပျောက်ရင် လေချွန်ပြီး ပြန်ရှာနိုင်တဲ့ Whistle Android Finder PRO version 4.7 Apk





ကိုယ်ကိုင်တွယ်အသုံးပြုနေတဲ့ဖုန်းတွေနေရာအထားမှားတာပဲဖြစ်ဖြစ်
၊ သူများက မသိအောင် ၀ှက်ထားတာပဲဖြစ်ဖြစ် ကိုယ်ကလေချွန်လိုက်တာနဲ့ ဖုန်းကနေ
ပြန်ပြီး အသံပြုပေးတဲ့ application လေးပါ။

အသုံးပြုပုံလေးကလည်းလွယ်ကူပါတယ်။ အရင်ဆုံး application လေးကို install လုပ်ပြီး open လုပ်လိုက်ပါ။ ပြီးရင် application လေးရဲ့ setting ကိုရောက်သွား
ပါလိမ့်မယ်။ ပြီးရင် Enable Whistle Android Finder ဆိုတဲ့နေရာမှာ အမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင်အောက်နားမှာ Select Notification Sound ဆိုတဲ့အထဲမှာ ကိုယ်
ကြိုက်တဲ့ sound တွေကို ရွေးချယ်နိုင်တဲ့အပြင် ကိုယ့်ဖုန်းထဲမှာရှိတဲ့ music file ထဲက သီချင်းတွေကို လည်းရွေးချယ်ပြီး notification sound လုပ်နိုင်ပါသေးတယ်။

ဒါပေမဲ့ ကျွန်တော်ဒီ application လေးကို Justinbieber ရဲ့ Boyfriend သီချင်းနဲ့စမ်းထားတာပါ။ တကယ်လည်းပြန်ပြီး အသံပြန်ပြုပေးပါတယ်။ သူများက ခိုးသွားပြီး ဖုန်းကို ပိတ်ထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။  ဒီ application လေးက Google Nexus 7 နဲ့ Samsung Galaxy Tab 7 စတဲ့
model မြှင့်ဖုန်းတွေကိုလည်း  support ကောင်းကောင်းလုပ်ပေးနိုင်တာကိုတွေ့ရပါတယ်။   တကယ်လို့
စမ်းကြည့်ချင်တယ်ဆိုရင်တော့ စမ်းကြည့်ကြည့်ပေါ့ဗျာ။ ပြီးရင်ကျွန်တော့်ကို အကောင်းအဆိုးလေးနည်းနည်း အကြံပေးပါအုံးနော်။ ဒီ application လေးကို အသုံးပြုချင်ရင်တော့
android version 2.1 နဲ့အထက်မှာဆိုရင် အသုံးပြုနိုင်ပါတယ်ဗျာ။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 
အားလုံးအဆင်ပြေကြပါစေ........

No comments:

Post a Comment

စကားတစ်ခွန်းတော့ပြောခဲ့သင့်တယ်